(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

Showing posts with label အသုပ်မျိုးစုံ. Show all posts
Showing posts with label အသုပ်မျိုးစုံ. Show all posts

ဝက်ခေါက်သုပ်

ဝက်ခေါက်သုပ်.....
ဝက်ခေါက်တွေကိုအမွေးတွေသေချာသန့်စင်ပြီးပြုတ်ပါ..အရမ်းနူးပြဲသွားအောင်မပြုတ်ရ..အခေါက်အိရင်အိုးထဲကဆယ်ပြီးရေအေးဖြင့်ပြန်ဆေးချပီးရေစစ်ထား..ရေစ်ရင်မိမိလိုသလိုလှီးပါ.ခုတော့ပါးပါးလှီးထားပါတယ်..ဝက်ခေါက်သုပ်ဖို့ သခွားသီးကြက်သွန်နီခရမ်းချဉ်သီး နံနံပင်များကိုအဆင်သင့်ပါးပါးလှီးထားပါ.. ပြီးရင်အဓိကကျတဲ့အချဉ်ရည်ကိုစပ်ပါ့မယ်....ကြက်သွန်ဖြူငရုတ်သီးစိမ်းထောင်းပါညှက်ရင် သံပုရာသီးညစ်ထည့် ပဲငံပြာရည်အကျဲတဇွန်း သကြား ဆား နှမ်းလှော်ရေအနည်းငယ်ထည့်ပီးသမအောင်ဖျော်ပေးထားပါ..အားလုံးပီးရင် ပါဝင်ပစ္စည်း တွေအားလုံးသမအောင်ရောနယ်ပီးသုပ်ပေးရင်ရပါပီ....

Credit လှိုင်လှိုင်
Share:

ဝဥသုပ်.သက်သတ်လွ

ဝဥသုပ်.သက်သတ်လွတ်နော်
ဝဥ.ကိုပါးပါလှီးပီးဆားနဲ့ရေားနည်ပီး
ရေခန်းအောင်လှော်လိုက်ပါ. သုပ်နည်း
ရှောက်ရွက်. ကြက်သွန်နီ ငြုပ်သီးစိမ်း
သံပုရာသီး.မြေပဲလှော်မှုန့်.ဆား.အချိုမှုန့်
ကြက်သွန်ဖြူ ဆီချက်.သုပ်စားလို့ရပီးလို့
လွယ်ပါတယ်နော်.

Credit Nang Cherrykham
Share:

ပဲပြားသုပ်

ပဲပြားသုပ် 
------------
ပဲပြားလေး ၂တုံးကို ကြော်ပြီးသုပ်ထားတာပါ .. 
အဖိုးနည်းဝန်ပါ စားလို့ မြိန်တဲ့ ဟင်းရံလေးပါ ..

ပဲပြားလေးတွေကို မထူမပါး အချပ်လေးတွေလှီးပါ .. ဆနွင်းမှုန့် နဲ့ ဆား လက်ဖဝါးနှစ်ဖက်ထဲ ရောပွတ် , ပဲပြားအချပ်လေးတွေပေါ် ခပ်ဖွဖွအုပ်ပြီး လူးပါ .. ပြီးရင် ဆီနဲနဲလေး ဒယ်ပြားထဲအပူပေးပြီး ကြော်လိုက်ပါ .. မာကြွပ်မသွားပါစေနဲ့  .. အပေါ်ယံလေးတင်းပြီးဆို ရပြီနော် ..

ပဲပြားချပ်လေးတွေ အရှည်လိုက်ညှပ် , ကြက်သွန်နီ ၂ဥပါးပါးလှီး  , ဂေါ်ဖီပါးပါးလှီး , ရှောက်ရွက်ပါးပါးလှီး ,  ကြက်သွန်နီဆီချက် , ဗမာငံပြာရည် , မန်းကျည်းရည် , ပဲမှုန့်  , ငရုတ်သီးအကျက်မှုန့် တို့ နဲ့  ရောသုပ်လိုက်ရင်ရပါပြီ .. 

Credit .အိမ်ရှင်မလက်ရာ
Share:

ပင်လယ်စာထောင်း

ပင်လယ်စာထောင်း
ကင်းမွန်ကိုရေဆေးပြီး
အနေတော်လှီးဖြတ် ရေနွေးဖျော​ပြီး ရေစစ်ထား
မုန်လာဥနီ သခွားသီး သဘော်သီးစိမ်း ခြစ် ရေဆေးပြီး ရေခဲသေတ္တာထဲ ခဏထည့်ထား ငရုတ်ဆုံထဲ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ထည့် ထောင်း
ခရမ်းချဉ်သီးထည့် ​ခြစ်ထားတဲ့ မုန်လာဥ သခွားသီး သဘော်သီးထည့် ကင်းမွန်ထည့် ဆား အရသာမှုန့်ထည့် ရောထောင်း နေကြာဆီနည်းနည်းထည့်

Credit တာတီဖိုး
Share:

ပဲဇောင်းလျားသီးသုပ်

ပဲဇောင်းလျားသီးသုပ်

ပဲဇောင်းလျားသီးကို ကျွန်မကတော.သုပ်စား ၊ ငပိရည်တို.စရာလုပ်၊
ချဉ်ရည်ပာင်းထဲထည်.စားတာလောက်ပဲစားဖူးတယ်.
သုပ်တာတောင် ရေနွေးဖျောပြီး သုပ်တာထက် အစိမ်းသုပ်တာကိုပိုကြိုက်ပါတယ်..

ပဲဇောင်းလျားသီး သုပ်အတွက်

ပဲဇောင်းလျားသီး နုနု (၁၀) တောင်.
ကြက်သွန်နီတစ်လုံး
ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊ 
ကြက်သွန်ဖြူဆီချက်၊ ထမင်းစာဇွန်း ၁ ဇွန်း၊
ပုဇွန်ခြောက်ထောင်း - ထမင်းစာ:ဇွန်း ၁ ဇွန်း၊
မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊ 
သံပုရာသီးတခြမ်း။

ပဲဇောင်းလျားသီး ကိုထိပ်နှစ်ဖက်ဖြတ်ကာ ရေစင်စင်ဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်နီကိုအခွံခွာကာ ပါးပါးလှီးပြီးနှစ်ရေလောက်ဆေးပြီး ရေစစ်ထားပါ။

စားခါနီးမှ ပါးပါးလှီးထားသော ပဲဇောင်းလျားသီးနှင့်ကြက်သွန်နီ သုပ်မည်.ပုဂံထဲသို.ထည.်ကာဆား၊ အရသာမှုန်.၊ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်ထောင်း၊ မြေပဲလှော်ထောင်း၊ နှင့် သံပုရာသီးတခြမ်း ကိုညှစ်ထည်.ကာ သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်

Credit Myanmar Foods & Other
Share:

မန်ကျီးရွက်သုပ်

မန်ကျီးရွက်သုပ်

မန်ကျီးရွက်နုနု သင်ပြီးသာဒ- 150 g
ကြက်သွန်နီ - တစ်လုံး ကို ပါးပါးလှီးပြီးရေဆေးထားပါ။
စာတော်ပဲပြုတ် -  100  g (သို.)
 မြေပဲလှော်ထောင်း ထမင်းစာဇွန်း 3 ဇွန်း၊
ဆား၊ အရသာမှုန်.၊  အနဲငယ်စီ
မြေပဲဆီ - အနဲငယ်.

မန်ကျီးရွက်ကို ရေစင်စင်ဆေးပြီး 
ပါးပါးလှီးထားသောကြက်သွန်နီ၊ ပဲပြုတ်၊
ဆား၊ အရသာမှုန်.ထည်.ကာ
သမအောင်ဖွဖွနယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်၊

Credit Myanmar Foods & Other
Share:

ချဉ်ငံစပ် ရှောက်သီးသုပ်

ချဉ်ငံစပ်ရှောက်သီးသုပ်

  - ရှောက်သီးတစ်ခြမ်းကို အခွံတွေသင်ပြီးရှောက်သီးအမွာလေးတွေကို
 - ပါးပါးလှီးပြီးရေဆေးထားတဲ. ကြက်သွန်နီနှစ်လုံး
 - ပါးပါးလှီးထားတဲ.  ငရုပ်သီးစိမ်းနှစ်လုံး
 - ငရုပ်သီးအလှော်မှုန်. - ထမင်းစားဇွန်းဝက်
 - မီးကင်ထားတဲ.မျှင်ငပိ - ထမင်းစားဇွန်းတစ်ဝက်
-  ထောင်းထားတဲ.ပုဇွန်ခြောက် - ထမင်းစားဇွန်း (3) ဇွန်း
-  မြေပဲလှော်ထောင်း- ထမင်းစားဇွန်း (3) ဇွန်း
 နဲ.ဆားအနဲငယ်ထည်.ကာ ဇလုံတစ်ခုအားလုံးကိုထဲထည်.ပြီး
ရောသမမွေလိုက်ရင် ချဉ်ငံစပ်ရှောက်သီးသုပ်ရပါပြီရှင်..

Credit Myanmar Foods & Other
Share:

ဝက်သားသုပ်...ပုံမန်ဝက်သားသုပ်ပါ

ဝက်သားသုပ်...ပုံမန်ဝက်သားသုပ်ပါ ပဲ
 ..ပါဝင်ပစ္စည်း တွေကသခွားသီး မုန်လာဥနီ.နံနံပင် ဝက်သားပြုတ်ပီးသားတို့ပါပဲ..သခွားသီးအလုံးကြီးကိုရေပြောင်ဆေးပြီးအခွံမခွာပဲ ပုံဖော်ဓားနဲ့ပါးပါးအပြားကြီးတွေရအောင်လှီးထား ဝက်သားပါးပါးလှီးထား..မုန်လာဥ နီပါးပါးအချောင်းလေးတွေလှီးထား နံနံပင်​ လေးတွေအသေးလေးတွေဖြတ်ထား..အားလုံးပြီးရင် သခွားသီးပေါ် တမျိုးကို နည်းနည်းစီထည့်ပီးသခွားသီးကိုဖြေးဖြေးချင်းလိပ်သွားပြီးသွားကြားထိုးတံနဲထိုးပီးစိုက်ထားလိုက်ပါ တွဲစားဖို့အချဉ်ရည်ကတော့အပေါ်ကဝက်ခေါက်သုပ်စပ်တဲ့အချဉ်ရည်နဲ့တူတူပါပဲ..သခွားသီးဝက်သားလိပ်တစ်ခုချင်းစီယူပီး
အချဉ်ရည်ထဲနှစ်ပီးစားလိုက်ရုံပါပဲ ..ကြွပ်ကြွပ်နဲ့အရမ်းစားကောင်းပါတယ်...

Credit လှိုင်လှိုင်
Share:

မုံလာဥဖြူ အချဉ်တည်နည်း

" မုံလာဥဖြူ အချဉ်တည်နည်း " 

အဲလိုအတုံးလွီး ရေစစ်ထား
ဂျင်း/ ကြက်သွန်ဖြူ 
အရေထွက်အောင်ထောင်းထည့်
ငရုတ်သီးမှုန့်/ဆား / သကြား / အချိုမှုန့်/ 
ရှာလကာရေ / 
ကြက်သွန်မိတ်/ ဂျူးမြစ်/ဥနီ အမျှင်/ 
ပန်းသီးတလုံး အမျှင်လှီးထည့်/
ထိုင်ဝမ်မုံညင်းစိမ်း ၅ ပင်လောက် 
ရေဆေး နွှာထည့် 
ငရုတ်သီးခြောက်က အမှုန့်ထက် အခြောက်ကို ပြုတ်ပြီး ရေစစ်ကြိတ်ထည့်တာကောင်းတယ်
အကုန်ရောနယ်
အရသာမြည်း
လေလုံတဲ့ ဖန်ဗူးထဲထည့်ပြီး
ရေခဲသေတ္တာအောက်ထပ်ထား
၁ လ အထားခံတယ်
ကိုးရီးယားမွာဆို နှစ်ချီ ခံတယ်
ဒီနေရာမှာ ပြောလိုတာက 
ရှာလကာရေ မသုံးဘဲနဲ့
ဟင်းထဲထည့်ချက်တဲ့ ကော်မှုန့်ကို 
ရေနွေးနဲ့ ကျိုပြီး ပျစ်ပျစ်လေး
ထည့်မွှေပါတယ် 
( မြန်မာနည်းနဲ့ ပြောရရင်
အချဉ်တယ်ကြတဲ့ အခါမွာ
ထမင်းရေအေး ( သို့မဟုတ်)
ဆန်ဆေးရေ သုံးကြသလိုမျိုး
အချဉ်ပေါက်သွားတာပါ 
မုံလာဥဖြူနေရာမှာ
တရုတ်မုံညင်းဖြူထုပ် အစားထိုး
ထည့်နိုင်ပါတယ် 
( လုပ်နည်း အတူတူပါ ) 
ရက်ကြာလို့ ပိုချင်သွားရင်
( မပုတ် / မှိုမတက်သေးရင်)
သွန်မဖြစ်ပါနဲ့ 
ငါးနီတူခြောက် ၅ ကျပ်သားလောက်
ရေလိုသလောက်ထည့် ပြုတ်
ပွက်လာရင် ဇကာနဲ့ ငါးနီတူးခြောက်ကို ဆယ်ပြီး သွန်ပစ်ပါ 
အဲ့အရေနဲ့ အပေါ်က 
မုံညင်းချဉ် ရောပြီး
ဟင်းချို ခ်က္စားပါ 
ဒါမွ မဟုတ် ငါးနီတူးခြောက် အစား 
ငါးသတျတော ( တူနာ) တဗူး
ဖောက်ထည့် အရေစပ်စပ်နဲ့
ခ်က္စားလဲ အလွန်ကောင်းပါ၏

Credit (Myanmar Oo)
Share:

ပြည်ကြီးငါးသုပ်

ပြည်ကြီးငါးသုပ်

ပြည်ကြီးငါးကို သံပုရာရည်နယ်ပြီးရေပြန်ဆေးကာ ပြုတ်ပြီး လှီးထားပေးပါ
ကြက်သွန်နီ ငရုတ်သီးစိမ်း ရှောက်ရွက် ဆီချက် ငံပြာရည် ကြက်သားမှုန့် သံပုရာရည်ထည့်ပြီးသုပ်ပါ
#မိသားစု Online Cooking Foodstuff မှဖော်ပြပေးပါသည်
Share:

ပဲကြာဇံနှင့်ကြွက်နားရွက်မှိုသုပ်


ပဲကြာဇံနှင့်ကြွက်နားရွက်မှိုသုပ်
ပဲကြာဇံ..............................၁၀ ကျပ်သား
ကြွက်နားရွက်မှိုခြောက်..........၃ခု
ငရုတ်သီးစိမ်းနီ.....................၇တောင့်
ကြက်သွန်ဖြူ.........................၅တက်
နံနံပင်အမြစ်........................အနည်းငယ်
နှမ်းလှော်............................၁ဇွန်း
ကြက်သွန်နီ.........................၂လုံး
ခရမ်းချဉ်သီး.........................၁ လုံး
နံနံပင်...............................အနည်းငယ်
ABC ပဲငံပြာရည်အပျစ်
ABC ပဲငံပြာရည်အကျဲ

ပဲကြာဇံနှင့်ကြွက်နားရွက်မှိုတွေကိုမပြုတ်ခင်
ရေဝအောင်စိမ်ထားပေးပါ။

ကြက်သွန်ဖြူ ၊ ငရုတ်သီးနီ ၊ နံနံပင်အမြစ်တို့ကိုရောပြီးခပ်ကြမ်းကြမ်းထောင်းပါ။

ABCပဲငံပြာရည်အကျဲ ၊ ABC ပဲငံပြာရည်အပျစ်၊ရှလကာရည် နှင့် သကြားတို့ကိုရောပြီးအပူပေးပါ။ ဆူပွက်လာလျှင်ထောင်းထားတဲ့အရောကိုထည့်ပြီး ချဉ်ငံစပ် ဆော့စ်ရည်ကျို ပြီးအအေးခံထားပါ။

ပဲကြာဇံနှင့် အမျှင်ပုံစံလှီးထားသောကြွက်နားရွက်မှိုတို့ကိုရောပြုတ်ပြီး ၊ရေအေးလောင်း၊ အအေးခံပါ။
ဇလုံတစ်ခုထဲမှာ ပဲကြာဇံမှို တွေထည့်ပြီး
ပါးပါးလှီးထားသောကြက်သွန်နီ၊ ခရမ်းချဉ်သီး၊
နံနံပင်တွေထည့်ပါ။
ခပ်ကြမ်းကြမ်းလေးထောင်းထားတဲ့နှမ်းထောင်းလေးဖြူးပြီးသံပုရာသီးတစ်စိတ်ညှစ်ထည့်ပါ။
ဆော့စ်ရည်လေးလောင်းချပြီးခပ်ဖွဖွလေးနယ်
လိုက်ရင် ချို ချဉ်စပ် ပဲကြာဇံသုပ်လေးရပါပြီ။
Share:
Powered by Blogger.

Contact form

Name

Email *

Message *

Search This Blog

Blog Archive

Made with Love by

Made with Love by
MagLite Template is Designed Theme for Giving Enhanced look Various Features are available Which is designed in User friendly to handle by Piki Developers. Simple and elegant themes for making it more comfortable

NaNa Kitchen

NaNa Kitchen

Comments

4/comments/show

food

food

Featured Section

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.