Home »
» မလေးရှားခေါက်ဆွဲကြော်
မလေးရှားခေါက်ဆွဲကြော်
မလေးရှားခေါက်ဆွဲကြော် ♡
(Char Kway Teow)
❀ ❀ ❀ ❀ ❀ ❀
Singapore Famous Food ထဲမှာတခု အပါဝင်ြ ဖစ်တဲ့ Char Kway Teow ဆို တဲ့မလေးရှားဆန်ခေါက်ဆွဲကြော်လေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းအနည်းငယ်နဲ့လုပ်ရလည်းလွယ်ကူပြီး
မြန်မာအကြိုက်အရသာတခုလည်းဖြစ်မယ်လို့ထင်ပါတယ်။ လုပ်နည်းလေးကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
******
ဆန်ပြားခေါက်ဆွဲအသေး - တစ်ပွဲစာ
ပုဇွန် - ၅ကောင် သို့ ပင်လယ်စာ သို့ ငါးလုံး
ကြက်ဥ - တစ်လုံး
ပဲပင်ပေါက် - လက်တစ်ဆုပ်
Chive (ကြက်သွန်မိတ်) - ၅ပင်
ငရုပ်သီးအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
ဟင်းခတ်မှုန့် - ဇွန်းတစ်ဝက်
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ငံပြာရည် - ဇွန်းတဝက်
ပဲငံပြာရည် အနောက် - ဇွန်းတဝက်
ကြက်သွန်နီကြော် - နှစ်ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************ 1.ဦးစွာကြက်ဥတလုံးခေါက်ထားပါ။အသုံးပြုမည့်ပုဇွန်သို့အသားကိုရေဆေးသန့်စင်ထားပါ။ပဲပင်ပေါက်ရေဆေးပြီးစစ်ထားပါ။ကြက်သွန်ဖြူဓားပြားရိုက်ထားပါ။ငရုပ်သီးအနှစ်မရှိပါကငရုပ်ခြောက်ကိုရေစိမ်ပြီးကြိတ်ရပါမယ်။chiveကိုတစ်လက်မအရှည်ခန့်ဖြ တ်ထားပါ
2.ပန်းကန်လုံးတခုတွင် ဟင်းခပ်မှုန့်၊ပဲငံပြာရည်၊ အကြည်၊ အနောက်၊ ခရုဆီ၊တို့ကိုထည့်ပြီးရောစပ်ထားပါ။ 3.အားလုံးအဆင်သင့့်ပါကအိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်ဥထည့်ပြီးမွေကြော်ပေးပါ။
4.ပြီးလျှင်ဖယ်ထုတ်ထားပြီးကြက်သွန်ဖြူနှင့်ငရုပ်သီးအနှစ်ဆီသပ်ပါ၊ကြက်သားသို့ပုဇွန်ကိုထည့်ကြော်ပါ။ဆန်ခေါက်ဆွဲ၊ကြက်ဥပဲပင်ပေါက်နှင့်ရောစပ်ထားသောဆော့တို့ကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပေးပါ။5.အရသာလိုအပ်ကဖြည့်စွက်ပြီးChineseChivesကိုနောက်ဆုံးမှထည့်ကာသမအောင်မွေပြီးပန်းကန်တွင်တည်ခင်းပြီးကြက်သွန်နီကြော်ဖြူးကာသုံးဆောင်နိုင်ပါပြီရှင် ။
❀(မလေးရှားသူတယောက်ကပြောတာသူတို့နယ်မှာမီးသွေးမီးနဲ့ကြော်တဲ့ char kway teowကနာမည်ကြီးလို့တနာရီလောက်စောင့်ရတယ်တဲ့။လာသမျှနိုင်ငံခြားသားတွေကမဖြစ်မနေစားကြတဲ့သူတို့ဒေသအစားစာလို့ဆိုပါတယ်။ အဆင်ပြေရင်မီးသွေးမီးပြင်းပြင်းနဲ့ကြော်ကြည့်နော်
...........
Crd.Sofia
No comments:
Post a Comment