မိုးကုတ်ဆီချက်ခေါက်ဆွဲဟာအခြားမြို့များမှာပြုလုပ်တဲ့နည်းနဲ့သိပ်မကွာခြားလှပါဘူး။ခေါက်ဆွဲရဲ့ဂျုံသားရယ်၊ကြက်သွန်ဖြူဆီချက်မသုံးတာပဲကွာခြားပြီးမုန့်ကြွပ်ကြော်(ခေါက်ဆွဲကြွပ်ကြော်)များများသုံးတာကတော့ထူးခြားမှုတစ်ခုပါ။
မိုးကုတ်ဆီချက်အတွက်ကြက်သွန်ဖြူ ဆီချက်ကိုမသုံးကြပါဘူး။ဆီပူပူထဲသို့ချင်းတစ်ပြားရိုက်ထည့်၊ကြက်သွန်ဖြူ ၂တက်လောက်ဓားပြားရိုက်ထည့်ကာမူလဆီစိမ်း၏အနံ့ပျောက်ရုံသာဆီကိုချက်ခြင်းက မိုးကုတ်ဂျုံဆီချက်၏ထူးခြားမှုပါပဲ။
(၅)ယောက်စာ
°°°°°°°°°°°°°°°
°°°°°°°°°°°°°°°
ဂျုံခေါက်ဆွဲအစိမ်း...........၅၀ကျပ်သား
ဝက်ပေါင်သား................၂၀ကျပ်သား
ကြက်သွန်မြိတ်..............၄ပင်ခန့်
နံနံပင်...........................၃ပင်ခန့်
ABCပဲငံပြာရည်အကြည်
ABC ပဲငံပြာရည်အပျစ်
သကြား
ငရုတ်ကောင်းမှုန့်
ဝက်ပေါင်သား................၂၀ကျပ်သား
ကြက်သွန်မြိတ်..............၄ပင်ခန့်
နံနံပင်...........................၃ပင်ခန့်
ABCပဲငံပြာရည်အကြည်
ABC ပဲငံပြာရည်အပျစ်
သကြား
ငရုတ်ကောင်းမှုန့်
ဂျုံခေါက်ဆွဲ(၇)ကျပ်သားကို(၃)နာရီခန့်အခန်းအပူချိန်မှာဖြန့်ထားပါ။
ဝက်ပေါင်သားကို ၃မြောင်းလောက်အလျားလိုက်ခွဲပြီးABCပဲငံပြာရည်အကြည်၊ဆားသကြား၊ဟင်းခတ်မှုန့်တို့နှင့်နယ်ကာချင်းဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။
ပြုတ်ရည်အနည်းငယ်ကိုစစ်ယူထားပြီးရေခမ်းပြီးနှုးသည်အထိဆက်ပြုတ်ပါ။
ဝက်သားနှုးသွားပြီဆိုစစ်ယူထားပါ။
ကြက်သားသုံးမယ်ဆိုရင်ကြက်သားကိုနူးအောင်ပြုတ်ပြီးအသားတွေနွှင်ယူပါ။မိမိနှစ်သက်သလိုလှီးဖြတ်ပါ။
ဒယ်အိုးတစ်လုံးမှာဆီလီတာဝက်ခန့်ကိုအပူပေးပါ။
ဆ်ီပူလာလျှင်ဖြန့်ထားတဲ့ခေါက်ဆွဲတွေထည့်ပြီးရွှေရောင်ရအောင်ကြော်ယူပြီးစစ်ပါ။
ထို့နောက်ဝက်သားတွေကိုရွှေညိုရောင်ရအောင်ကြော်ယူပြီးအအေးခံထားပါ။
ထိုစဉ်အတွင်းခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ထားပါ။
ကြော်ထားတဲ့ခေါက်ဆွဲတွေကိုချေပြီးလေလုံအောင်ထုပ်ပါ။
ကြော်ထားတဲ့ဝက်သားတွေကိုပါးပါးလှီးပါ။
ကြက်သွန်မြိတ်နှင့်နံနံပင်ကိုရောပြီးပါးပါးစိပ်ပါ။
ပြုတ်ရည်ဆူပြီဆိုမိမိပြင်ဆင်နိူင်တဲ့ပမာဏပန်းကန်(၃)ပွဲ၊(၅)ပွဲစာကိုပန်းကန်တစ်ခုချင်းဆီမှာABC ပဲငံပြာရည်အပျစ်
ABC ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့် ၊သကြား၊ချင်းဖြင့်ကျက်အောင်ချက်ထားတဲ့ဆီချက်၊ချန်ထားတဲ့အသားပြုတ်ရည်ထည့်ပြီးပြင်ဆင်ထားပါ။
ABC ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့် ၊သကြား၊ချင်းဖြင့်ကျက်အောင်ချက်ထားတဲ့ဆီချက်၊ချန်ထားတဲ့အသားပြုတ်ရည်ထည့်ပြီးပြင်ဆင်ထားပါ။
မိမိပြင်ဆင်ထားသလောက်ပွဲအရေအတွက်အတိုင်း
ခေါက်ဆွဲကိုပြုတ်ပါ(မပျော့၊မမာအနေအထား)မှာ
ရေကိုစင်အောင်စစ်ပြီးပန်းကန်တွေထဲခွဲထည့်ပြီးနှံ့အောင်မွှေပေးပါ။
ခေါက်ဆွဲကိုပြုတ်ပါ(မပျော့၊မမာအနေအထား)မှာ
ရေကိုစင်အောင်စစ်ပြီးပန်းကန်တွေထဲခွဲထည့်ပြီးနှံ့အောင်မွှေပေးပါ။
အပေါ်ကနေပါးပါးလှီးထားတဲ့ဝက်သားပြား၊ကြက်သွန်မြိတ်၊မုန့်ကြွပ်ကြော်များပြင်ဆင်ပြီးရှမ်းချဉ်(သို့) ကြက်သွန်နီ
ဂေါ်ဖီကိုပါးပါးလေးလှီးပြီး ABC ငရုတ်ဆော့်စ်လေးလောင်းကာကြက်သွန်မြိတ်ခပ်ထားတဲ့ဟင်းချိုရည်တို့နှင့်တွဲဖက်သုံးဆောင်နိူင်ပါသည်။
ဂေါ်ဖီကိုပါးပါးလေးလှီးပြီး ABC ငရုတ်ဆော့်စ်လေးလောင်းကာကြက်သွန်မြိတ်ခပ်ထားတဲ့ဟင်းချိုရည်တို့နှင့်တွဲဖက်သုံးဆောင်နိူင်ပါသည်။