၀က်သားတုတ်ထိုး နှင့် ကြာဇံကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီချက်နည်းမှာပါဝင်ပစ္စည်းတွေကိုအတိအကျမညွှန်းဘူးဆိုတာက ဝက်ကလီစာတွေကိုဝယ်တဲ့အချိန်အလေးချိန်အမှန်မရတတ်လို့ပါပဲ။
၀က်သားတုတ်ထိုးရောင်းတဲ့သူတွေလိုပဲဝက်ရဲ့အတွင်းကလီစာအစုံ မှာကျောက်ကပ်ကိုတော့ရှောင်ပါတယ်(အနံ့ပြင်းရှလို့ဖြစ်ပါတယ်)
အများဆုံးကြိုက်တတ်တဲ့အချင်းတိုင်၊ အူပါး၊လျှာ၊ နို့အုံသား၊ပါးစောင်သား၊အရိုးနုတို့တော့များများ၀ယ်
ရပါတယ်။ဝက်သားတုတ်ထိုးမှာဘဲဥကလည်းမပါမဖြစ်။
ဝယ်လာတဲ့၀က်အတွင်းကလီစာတွေကိုသန့်စင်နေအောင်ရေအရင်ဆေးပါ။
မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီးဆားအနည်းငယ်နဲ့ရောကာ (၃)ကြိမ်မှ(၅)ကြိမ်လောက်ထိ
ဆေးလိုက်ရင်၀က်အတွင်းကလီစာဆိုတာဘာအနံ့မှမရှိတော့အောင် စင်ကြယ်သန့်ရှင်းသွားပါတယ်။
အူပါးတွေကိုတော့တုတ်တံတစ်ချောင်းနဲ့၅ခုလောက်ကိုအထပ်ထပ်ဖြစ်အောင်ထပ်ပေးရပါမယ်။
ဆေးကြာပြီးရင်တော့အားလုံးကိုရေစစ်ထားပါ။
ရေစစ်သွားတဲ့ဝက်သားတွေကို ဆား၊ ပာင်းခတ်မှုန့်၊ ABCပဲငံပြာရည်အပျစ်၊
နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန့်( တရုတ်လိုပါကော့ခေါ်ပါတယ်)အစားအသောက်သုံးခွင့်ပြုအရောင်( လိမ္မော်) အနည်းငယ်၊ တရုတ်ဟင်းချက်ဝိုင်အရက်(သို့)အရက်ပြင်းအနည်းငယ်တို့နှင့်ရောနယ်ပြီးနာရီ၀က်ခန့်နှပ်ထားပေးပါ။
ဘဲဥတွေကိုလည်းပြုတ်ပြီးအခွံခွာထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်၊သကြားတို့ကိုရောပြီးအပူပေးပါ။
သကြားတွေပာာဆီအနည်းငယ်ပူလာတာနဲ့အရည်ပျော်ပြီးရွှေညိုရောင်လေးပြောင်းလာပြီဆိုရင်မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့နာနတ်ပွင့် ၊ ချင်း၊ ငရုတ်ကောင်းတို့ကိုထည့်ဆီသတ်ပါ။
အနံ့မွှေးလာလျှင်ဝက်ကလီစာတွေကိုတစ်ခုချင်းစီဆီသတ်ပြီးဆီစစ်ထားပါ။
ထို့နောက်အမာဆုံးအစိတ်အပိုင်းတွေ(ဥပမာ နားရွက်၊လျှာ ၊ အူမစသည်တို့ကိုအရင်ဆုံးပြုတ်ပေးပါ။
နာနာပွင့်၂ပွင့်လောက်ကိုမီးကင်၊ဓားပြားရိုက်ပြီးထည့်ပါ။
ထိုအရာများတစ်၀က်လောက်ကျက်ပြီဆိုမှအသည်း၊ နှလုံး၊သရက်ရွက်တို့လိုဒုတိယတန်းစားတွေကိုထည့်ပေးပါ။
နောက်ဆုံးမှအူချိုတို့လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ။
ဆား၊သကြား၊ABCပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။
အရသာကို မြည်းစမ်းပြီးနှူးအိပြီဆိုရင်ဟင်းရည်သုံးပုံတစ်ပုံကျန်လောက်မှစစ်ယူထားပါ။
လှီးဖြတ်ပေးပြီးပန်းကန်နှင့်ကြိုက်သူကို ပန်းကန်ထဲထည့်ဧည့်ခံနိူင်သလိုဝါးတုတ်လေးထိုးပြီးမှစားချင်သူများကိုလည်းနှစ်သက်သလိုဧည့်ခံပေးလို့ရပါတယ်။
တွဲဖက်ဆော့စ်ကိုတော့မန်ကျည်းသီးမှည့်ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင် ၊ ABCငရုတ်ဆီတို့နှင့်မိမိနှစ်သက်သလိုရောစပ်နိူင်ပါတယ်။
ကြာဇံကြော်ပါမယ်။
သရဖူ တံဆိပ် ဆန်ကြာဇံကို မကြော်ခင် (၄၅)မိနစ်လောက်ကတည်းကပြည့်ဝစွာရေစိမ်ထားပေးပါ။
ကြက်သွန်ဖြူ ၅ တက် လောက်ကိုဓားပြားရိုက်ထားပြီး ဂေါ်ဖီတစိတ်ခန့်ကိုခပ်ကြမ်းကြမ်းလှီးထားပါ။ဥနီကို
အမျှင်ကြီးကြီးခြစ်ထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ကိုဆီသပ်ပါ။
မွှေးလာပြီဆို အမျှင်လှီးထားတဲ့ဂေါ်ဖီနှင့်မုန်လာဥနီတွေထည့်ကြော်ပါ။
ဂေါ်ဖီတွေကြော်တာအနည်းငယ်နွမ်းသွားပြီဆိုရင် ရေစစ်ထားတဲ့ကြာဇံတွေထည့်ပါ။
ABC ပဲငံပြာရည်အကြည်၊ ABCပဲငံပြာရည် အပျစ်အနည်းငယ်၊
သကြား၊ ဟင်းခတ်မှုန့် အရသာ အနည်းငယ်စီထည့်ပါ(အရသာမပြင်းစေရ။)
ဆားမပါတဲ့ အရိုးပြုတ်ရည်(သို့)သီးရွက်ပြုတ်ရည်အနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။
အငွေ့ဖြင့် ကြာဇံတွေနူးအိစေရန်ဖြစ်ပါသည်။
၃ မိနစ်လောက်ကြာမှ အဖုံးဖွင့်ပြီးသမသွားအောင်ခပ်ဖွဖွမွှေပေးပါ။အဖုံးပြန်အုပ်ထားပါ။
ပြတ်ထွက်မှုမရှိ(မကြေမွှ)သော နူးအိတဲ့ကြာဇံကြော်လေးရပြီဆိုရင် ငရုတ်ကောင်းမှုန့်လေးဖြူးပေးပါ။
နှစ်သက်သလိုလှီးထားတဲ့ ဝက်သားတုတ်ထိုးတွေထည့်ပြီးအချဉ်ရည်လေးလောင်းဆမ်းကာ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတို့ဖြင့်တွဲဖက်ပါ။