Home »
ဝက်သားဟင်း
» သုံးထပ်သားအချိုချက်
သုံးထပ်သားအချိုချက်
သုံးထပ်သားအချိုချက်
သုံးထပ်သား................၃၀ကျပ်သား
ချင်း...........................၂တက်
ကြက်သွန်နီဥကြီး..........၁လုံး
ကြက်သွန်နီဥသေး.........၁၀လုံး
ကြက်သွန်ဖြူ.................၅တက်
နာနတ်ပွင့်...................၂ပွင့်
ဟင်းချက်ဝိုင်.................၂ဇွန်း
သကြား.......................၁ ဇွန်း
ABCပဲငံပြာရည်အကျဲ.........၂ဇွန်း
ABCပဲငံပြာရည်အပျစ်............၁ဇွန်း
သုံးထပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။
နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။
ချင်းနှင့်ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပြီးသုံးထပ်သားထဲညှစ်ထည့်ပြီးသကြား၊ABCပဲငံပြာရည်အပျစ်၊ ABCပဲငံပြာရည် အကျဲ၊ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)မိ
နစ်ခန့်နှပ်ထားပါ။
အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးပါးပါးလှီးထားတဲ့ကြက်သွန်နီဥကြီးကိုဆီသတ်ပါ။
အနည်းငယ်မွှေးပြီးနွမ်းလာလျှင်နယ်ပြီးနှပ်ထားတဲ့သုံးထပ်သားတွေထည့်မွှေပါ။
အနှစ်ကျသွားပြီဆိုရင် pressure အိုးထဲပြောင်းထည့်ပြီး (၁၅)မိနစ်ခန့်နှပ်ချက်ချက်ပါ။
အဖုံးဖွင့်ပြီးကြက်သွန်နီဥသေးလေးတွေကိုအလုံးလိုက်ထည့်ပါ။ နောက်ထပ်(၅)မိနစ်ခန့်နှပ်ပေးပြီးအိုးထဲမှဆယ်ထုတ်ပါ။
No comments:
Post a Comment