ဝက်နံရိုးနုကြော်
ဒီတစ်ခါလွယ်ကူရိုးရှင်းပြီးအမြန်ချက်လို့ရတဲ့ဟင်းခိက်နည်းလေးတစ်ခုဝေမျှပါ့မယ်။
ဝက်နံရိုးနု....................၃၀ကျပ်သား
ချင်းကြီးကြီး................၁တက်
ABC ပဲငံပြာရည်အပျစ်.၁ဇွန်း
ABCပဲငံပြာရည်အကြည်.၂ဇွန်း
အရသာမှုန့်
သကြား
ဟင်းချက်ဆန်အရက်
ချင်းကြီးကြီး................၁တက်
ABC ပဲငံပြာရည်အပျစ်.၁ဇွန်း
ABCပဲငံပြာရည်အကြည်.၂ဇွန်း
အရသာမှုန့်
သကြား
ဟင်းချက်ဆန်အရက်
ဝက်နံရိုးနုလေးတွေကိုအရွယ်တော်တုံးကာသန့်စင်ပြီး ချင်းထောင်းအရည်၊ ဆား၊ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်၊သကြား၊ ဟင်းချက်ဆန်အရက်တို့ဖြင့်အရသာနယ်ကာ(၁၀)မိနစ်ခန့်နှပ်ထားပါ။
အရသာနယ်ချိန်ပြည့်ပြီဆိုလျှင်ရေမြှုပ်ရုံထည့်ပြီးရေခမ်းအောင်ပြုတ်ပါ။
ရေခမ်းသွားပြီဆိုလျှင်(၁၀)မိနစ်ခန့်အအေးခံထားပါ။
ဒယ်အိုးတစ်လုံးမှာ ဆီကို ကျိုက်ကျိုက်ဆူအပူပေးပြီးဝက်နံရိုးတွေထည့်ကြော်ပါ။
အထက်ပါဖော်ပြချက်များကိုလိုက်နာပါက အပြင်ပိုင်းရွှေညိုရောင်သန်းကြွပ်ရွနေပြီးအတွင်းပိုင်းနူးညံ့အိစက်နေတဲ့ဝက်နံရိုးကြော်နုနုလေးကိုရရှိမှာဖြစ်ပါတယ်။
ABC ငရုတ်ဆော့စ်(သို့)ဘိတ်ချဥ်လေးဖြင့်တွဲဖက်သုံးဆောင်ပါ။
No comments:
Post a Comment