ဒိန်ချဉ်ပူတင်းမေးနေကြလို့
ကြက်ဥ. ၃လုံး
ဒိန်ချဉ် ထမင်းဇွန်း ၆ဇွန်း
နွားနို့ ထမင်းဇွန်း ၅ဇွန်း
သကြား ထမင်းဇွန်း ၁ဇွန်း
ဆား လက်ဖက်ဇွန်းတစ်ဝက်
ကြက်ဥကို သကြားထည့်ပြီး နာနာခေါက်ပါ
ဒိန်ချဉ် နွားနို့ ဆားထည့်ပြီး သမအောင်ပြန်ခေါက်ပြီး ဇကာစိပ်စိပ်နဲ့စစ်ထားပါ
ပေါင်းမယ့်ကြွေပန်းကန်လုံး ၃လုံးအဆင်သင့်လုပ်ထားပါ
ဒယ်အိုးထဲ သကြား.ထမင်းဇွန်း ၄ဇွန်းထည်ု့ပြီးအရည်ပျော်အောင်မီးအပူပေးပါ
အညိုရောင်ဘက်သမ်းတာနဲ့ ကြွေပန်းကန်လုံး ၃ လုံးထဲထည့်ပါ အောက်ခြေမျက်နှာပြင် ညီအောင်လက်နဲ့မြန်မြန်လှည့်ပေးပါ
ပြီးရင် ပူတင်းရည် ၃ခွက်ထဲအညီအမျှထည့်ပါ
အိုးထဲရေထည့်ပြီးအပေါ်ကဇကာခံ.အဖုံးအုပ်ပြီးပေါင်းပါ
ပူတင်းရည် အပေါ်ကိုပွတက်လာရင် သွားကြားထိုးတံနဲ့ထိုးကြည့်ပြီးအနှစ်ကပ်မပါလာရင်ရပါပြီ
အေးအောင်ထားပါ အေးလာရင် ခွက်ဘေးပတ်ပတ်လည်ကိုဓားလေးနဲ့အရာပေးပါ
အတုံးမပျက်မှောက်ချဖို့လွယ်ကူရန်ဖြစ်ပါသည်
ထို့နောက် ပန်းကန်ပြားလေးတွေကိုခွက်အဝနဲ့တေ့ပြီး အသာအယာမှောက်ချပေးပါ
ပုံထဲကအတိုင်းအတုံးမပျက်ရမှာပါနော်
အဆင်ပြေကြပါစေရှင့်
Credit to Phwe Phwe
#အိမ်ရှင်မpage
No comments:
Post a Comment