Home »
ပင်လယ်စာခေါက်ဆွဲကြော်
» ကြက်သားမဆလာခေါက်ဆွဲကြော်
ကြက်သားမဆလာခေါက်ဆွဲကြော်
ကြက်သားမဆလာခေါက်ဆွဲကြော်
-----------------------------------------
ပါဝင်ပစ္စည်းများ
• ခေါက်ဆွဲ - ၁ဝဝ ဂရမ်
• ဂေါ်ဖီ - ၅ ဂရမ် (ပါးပါးလှီးပါ)
• ကြက်သား - ၁၅၀ ဂရမ်
• ခရမ်းချဉ်သီး - ၂ လုံး (အနေတော်လှီးပါ)
• ငရုတ်သီးစိမ်း - ၅ တောင့် (ထက်ခြမ်းခြမ်းပါ)
• ကြက်သွန်ဖြူ - ၅ မြွှာ (ဓားပြားရိုက်ပါ)
• ကြက်သွန်နီ - ၁ လုံး (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်မြိတ် - အနည်းငယ် (အနေတော်လှီးပါ)
• ဆီ - စားပွဲဇွန်း ၅ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• မဆလာ - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
• နနွင်းမှုန့် - အနည်းငယ်
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ကွကျဥ - ၁ လုံး
• ငံပြာရည် - အနည်းငယ်
• ငရုတ်အနှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• မုန်လာဥနီ - ၅ ဂရမ်
ပြုလုပ်နည်း
၁။ ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊
ကော်မှုန့်၊ သကြား၊ ငံပြာရည်နှင့် ဆီတို့ကို ထည့်ပြီး အရသာ နယ်ပါ။
၂။ ခေါက်ဆွဲထဲ ဆားအနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့်
ထားပါ။
၃။ ၃ မိနစ်ပြည့်လျှင် ရေအေးနှင့် ဆေးပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၅။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီ သတ်ပါ။
၆။ အနံ့မွှေးလာလျှင် ငရုတ်အနှစ်ထည့်ပါ။
၇။ ခရမ်းချဉ်သီးကို အနှစ်ရသည်အထိ ထည့်နှပ်ပါ။
၈။ မဆလာ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ငံပြာရည် တို့ကို ထည့်ပါ။
၉။ ရေအနည်းငယ်ထည့်ပါ။
၁၀။ အရသာနယ်ထားတဲ့ ကြက်သားထည့်ပါ။
၁၁။ နုပ်နုပ်စဉ်းထားတဲ့ မုန်လာဥနီနှင့် ထက်ခြမ်းခြမ်းထားတဲ့ ငရုတ်သီးစိမ်းထည့်ပါ။
၁၂။ ကြက်ဥ ၁ လုံးကို ထည့်ကြော်ပါ။
၁၃။ ရေဆူလာလျှင် ခေါက်ဆွဲထည့်ပြီး ကြော်ပါ။
၁၄။ ပါးပါးလှီးထားတဲ့ မုန်လာဥနီနှင့် ဂေါ်ဖီတို့ကို ထည့်ပါ။
၁၅။ လိုအပ်တဲ့အရသာများ ထည့်ပါ။
၁၆။ အနံ့အရသာ ပြည့်စုံလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------------
Crd.
Eant Wint Htut
No comments:
Post a Comment