ပဲပြားသုပ်
------------
ပဲပြားလေး ၂တုံးကို ကြော်ပြီးသုပ်ထားတာပါ ..
အဖိုးနည်းဝန်ပါ စားလို့ မြိန်တဲ့ ဟင်းရံလေးပါ ..
ပဲပြားလေးတွေကို မထူမပါး အချပ်လေးတွေလှီးပါ .. ဆနွင်းမှုန့် နဲ့ ဆား လက်ဖဝါးနှစ်ဖက်ထဲ ရောပွတ် , ပဲပြားအချပ်လေးတွေပေါ် ခပ်ဖွဖွအုပ်ပြီး လူးပါ .. ပြီးရင် ဆီနဲနဲလေး ဒယ်ပြားထဲအပူပေးပြီး ကြော်လိုက်ပါ .. မာကြွပ်မသွားပါစေနဲ့  .. အပေါ်ယံလေးတင်းပြီးဆို ရပြီနော် ..
ပဲပြားချပ်လေးတွေ အရှည်လိုက်ညှပ် , ကြက်သွန်နီ ၂ဥပါးပါးလှီး , ဂေါ်ဖီပါးပါးလှီး , ရှောက်ရွက်ပါးပါးလှီး , ကြက်သွန်နီဆီချက် , ဗမာငံပြာရည် , မန်းကျည်းရည် , ပဲမှုန့်  , ငရုတ်သီးအကျက်မှုန့် တို့ နဲ့  ရောသုပ်လိုက်ရင်ရပါပြီ ..
Credit .အိမ်ရှင်မလက်ရာ
No comments:
Post a Comment