ငါးကြင်းခေါင်းချဉ်ပေါင်ချက်
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးတို့ကို
ညက်အောင်ထောင်းပြီး ဆီအနည်းငယ် နဲ့ ဆီသပ်ပါ
ကြက်သွန်တွေနွမ်းရင်
စိမ်းစားငပိ ထည့်ကြော်ပါ
ချဉ်ပေါင်ရွက် တွေထည့်ပြီးကြေတဲ့အထိမွှေပါ
အချိုအငန်အရသာ ထည့်
ရေအနည်းငယ်ထည့် ပြီးပွက်ပွက်ဆူလာရင်
ငါးခေါင်းတွေထည့် ချက်ပါတယ်
ငရုတ်သီးစိမ်း နဲ့ နံနံပင် အုပ်ပါတယ်
No comments:
Post a Comment