(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

လယ်ငါးပြေမလေးကို စောင်းလျားသီးနဲ့ 

လယ်ငါးပြေမလေးကို စောင်းလျားသီးနဲ့
ဓာတ်စာလေးနော်.  အစာလဲဆေး,ဆေးလဲအစာပေါ့. 
ချက်နည်းကလဲထုံးစံအတိုင်းငါးပြေမကိုသန့်စင်အလယ်ရိုးထုတ်ပီး မျှင်ငပိနနွင်းဆားရသာမှုန့် နယ်ထားမယ်နော်. 
စောင်းလျားသီးလေးအရွယ်တော်လှီးထားမယ်. ငြုတ်ပုဂျင်းကြက်သွန်ဖြူနီမညက်တညက်လေးထောင်းဆီသတ်ငါးထည့်ရေလေးနဲနဲထည့်လှုပ်.စောင်းလျားသီးထည့်မယ်. ရေနဲနဲထပ်ပီးထည့်ပါမယ်. အိုးချခါနီးနံနံပင်လေးအုပ်ပေါ့နော်. တကယ်ကိုကောင်းတာ ချက်စားကြည့်ပါလို့


Share:

ငါးဒုက္ခဟင်းချက်နည်း

ငါးဒုက္ခ (တမြို့တနယ်က မှာစားတာထက်စာရင် အိမ်မှာလုပ်စားကြည့်ကြပါ) :) 
=====
"ငါးဒုက္ခ" ဆိုတဲ့ နာမည်ဆန်းတဲ့ ဒီဟင်းလျာလေးက အင်းလေးဒေသ အစားအစာပါ။ "ငါးရာဇ၀တ်" လို့လည်း ခေါ်ပါတယ်။ ငါးကိုကျောခွဲ ဗိုက်ထဲက ကလီစာတွေထုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထာပနာပြီး ကြော်ရတာမျိုးပါ။ က်န္မြကေတာ့ ငါးဖိန်းကိုသုံးထားပါတယ်။ ငါးဖိန်း မဟုတ်ဘဲ အခြားငါးတွေကိုလည်း အသုံးပြုလို့ ရပါတယ်။ ချက်နည်းလေးကို စပြောပါမယ်ရှင်။

ပါဝင်ပစ္စည်းများ
ငါးဖိန်း - အနေတော် ၂ ကောင် (၄၀ ကျပ်သားခန့်)
ကြက်သွန်ဖြူအမွှာကြီး - ၅ မွှာ
ဆီ - ၂၀ ကျပ်သားခန့်
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆနွင်း - လက်ဖက်ရည်ဇွန်း ၁ ၀က်
ငပိစိမ်းစား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
ငရုတ်သီးအကြမ်းမှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
စပလင် - ၃ ပင်
နံနံပင် - ၁ စည်း
နှီးဖျား - ၄ ချောင်း
ဆလပ်ရွက် - ၅ ရွက်
ခရမ်းချဉ်သီး - ၁ လုံး

- ငါးကို ခေါင်းဖြတ်ပြီး အူထုတ်ပါ။ ပြီးမှ ကျောခွဲ၊ ကျောရိုးထုတ်ပြီး ရေစင်အောင်ဆေးပါ။ ခေါင်းပိုင်း၊ အမြှီးပိုင်း နှစ်ပိုင်းရအောင် အလယ်မှ တစ်ဝက်ပိုင်းပါ။ ပြီးလျှင် ဓားအနှောင့်နှင့် သာသာလေး ထုပေးပါ။ (ငါးအသားမ်ား မကျေစေရန် သာသာလေး ထုပေးပါ) ငါးအတွင်းသားကို ဆား၊ ဆနွင်းမှုန့်သုတ်လိမ်းပြီး အရသာဝင်အောင် နှပ်ထားပါ။ အဲဒီအချိန်မှာ အျခားအစာပလာကို ပြင်ဆင်ပါမယ်။

- စပလင်ကို အရင့်ပိုင်းများဖယ်ပြီး ရေဆေးကာ ပါးပါးလွီးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခြံခြာထားပါ။ နံနံပင်ကိုလည်း အမြစ်ဖယ်ပြီး ပါးပါးလွီးထားပါ။ နှီးများကို ရေစိမ်ထားပါ။ (ကြော်သည့်အခါ မကျွမ်းသွားစေရန်)

- ဆုံထောင်းထဲတွင် ပါးပါးလှီးထားသော စပလင်ကို အရင်ဆုံးထည့်ထောင်းပါ။ ကျေညက်သွားမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငပိစိမ်းစား၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို အစဉ်လိုက်ထည့်ထောင်းပါ။ နံနံပင်ကို နောက်ဆုံးမှထောင်းပါ။

- အစာပလာမ်ား အဆင်သင့်ဖြစ်မှ ငါးထဲတွင်ထည့်ပြီး နှီးဖြင့်လုံအောင် ချည်ထုပ်ပါ။ ဒယ်အိုးထဲဆီထည့်ပြီး ဆီဆူမွ ငါးများကိုစီရီထည့်ပြီး ကြော်ပါ။ (မကပ်စေရန် နှစ်ခါခွဲကြော်ပါ) တစ်ဖက်ပြီးတစ်ဖက် ပြောင်းလှန်ပေးရင်း ငါးအသား မာတောင့်တောင့်လေး ဖြစ်လာလျှင်ရပါပြီရှင်။ 

- ဆလပ်ရွက်လေးတွေကို ရေဆေးပြီး ပန်းကန်လှလှလေးထဲမှာ ဖြန့်ခင်းပါ။ ငါးဒုက္ခကို ကြည့်ကောင်းအောင် စီထည့်ပြီး ဘေးနားကနေ ခရမ်းချဉ်သီး အကွင်းလိုက် လှီးထားတာလေးတွေနဲ့ အလှဆင်ပြီး တည်ခင်းပါ။

 တစ်အိမ်လုံး အနံ့တွေမွှေးပြီး သရေယိုစေမဲ့ "ငါးဒုက္ခ (သို့) ငါးရာဇ၀တ်" ဟင်းပါ။ နူးညံ့တဲ့ ငါးရံ့အသားရယ် စပလင်နဲ့ ငရုတ်သီးအကြမ်းမှုန့်ရဲ့ ပူစပ်တဲ့အရသာရယ် ငပိနံ့လေးရယ် နံနံပင်နံ့လေးရယ် ပေါင်းစပ်ထားတာမို့ တကယ္ကို အနံ့အရသာနဲ့ ပြည့်စုံတဲ့ဟင်းလေးတစ်ခွက်ပါ။ ထမင်းပူပူနဲ့ ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် ပိုလိုက်ဖက်ပါတယ်ရှင်။

Credit : original uploader


Share:

ဒိန်ချဉ်ပူတင်းလုပ်နည်း



ဒိန်ချဉ်ပူတင်းမေးနေကြလို့
ကြက်ဥ. ၃လုံး
ဒိန်ချဉ်  ထမင်းဇွန်း ၆ဇွန်း
နွားနို့ ထမင်းဇွန်း ၅ဇွန်း
သကြား ထမင်းဇွန်း ၁ဇွန်း
ဆား လက်ဖက်ဇွန်းတစ်ဝက်

ကြက်ဥကို သကြားထည့်ပြီး နာနာခေါက်ပါ
ဒိန်ချဉ် နွားနို့ ဆားထည့်ပြီး သမအောင်ပြန်ခေါက်ပြီး ဇကာစိပ်စိပ်နဲ့စစ်ထားပါ
 
ပေါင်းမယ့်ကြွေပန်းကန်လုံး ၃လုံးအဆင်သင့်လုပ်ထားပါ
ဒယ်အိုးထဲ သကြား.ထမင်းဇွန်း ၄ဇွန်းထည်ု့ပြီးအရည်ပျော်အောင်မီးအပူပေးပါ
အညိုရောင်ဘက်သမ်းတာနဲ့ ကြွေပန်းကန်လုံး ၃ လုံးထဲထည့်ပါ အောက်ခြေမျက်နှာပြင် ညီအောင်လက်နဲ့မြန်မြန်လှည့်ပေးပါ
ပြီးရင် ပူတင်းရည် ၃ခွက်ထဲအညီအမျှထည့်ပါ

အိုးထဲရေထည့်ပြီးအပေါ်ကဇကာခံ.အဖုံးအုပ်ပြီးပေါင်းပါ
ပူတင်းရည် အပေါ်ကိုပွတက်လာရင် သွားကြားထိုးတံနဲ့ထိုးကြည့်ပြီးအနှစ်ကပ်မပါလာရင်ရပါပြီ
အေးအောင်ထားပါ အေးလာရင် ခွက်ဘေးပတ်ပတ်လည်ကိုဓားလေးနဲ့အရာပေးပါ
အတုံးမပျက်မှောက်ချဖို့လွယ်ကူရန်ဖြစ်ပါသည်
ထို့နောက် ပန်းကန်ပြားလေးတွေကိုခွက်အဝနဲ့တေ့ပြီး အသာအယာမှောက်ချပေးပါ
ပုံထဲကအတိုင်းအတုံးမပျက်ရမှာပါနော်
အဆင်ပြေကြပါစေရှင့်
Credit to Phwe Phwe
#အိမ်ရှင်မpage


Share:

ဝက်သား ၃ထပ်သားအကြွပ်ကြော် ကြော်နည်း


ဝကျသား ၃ထပ်သားအကြွပ်ကြော် ကြော်နည်း

(၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ၀ကျသား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။ 

(၂) ၀ကျသားကို ဆယ်ယူပြီး အေခါက္ဘက္ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆြထားပါ။

(၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်ဝင်နေအောင် ပွတ်လိမ်းပေးထားပါ။ 

(၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။

(၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်ဝက်သာ လွီးပါ။ 

(၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။ 

(၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီ။ 

ထိုင်းမှ စားဖိုမှုးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို အားလုံးအဆင်ပြေအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။ 

Photos and Video Credit - Original Uploader


Share:

စမူဆာကြော်နည်း နှင့် စမူဆာသုပ်



စမူဆာကြော်နည်း နှင့် စမူဆာသုပ်
..
လိုအပ်သည့် ပစ္စည်းများ ..
၁_ အာလူးအရွယ်လတ်လတ် ၄ လုံးလောက်ကို ပြုတ်ပြီး အခွံနွာထားပါ.
၂_ မဆလာ ၂ ထုတ်.
၃_ ကြက်သွန်နီ ဥကြီး တစ်ဥ ကို လက်သည်းခွံလောက် အတုံးလေးတွေရအောင်လှီးပြိး ခွာထားပါ.
၎_ ပူဒီနာ(ပူစီနံ) ၄-၅ ခက်ကို ပါးပါးလေးတွေလှီး၊ ပျဉ်းတော်သိမ်ရွက် ၃ - ၄ ခက်ကို ချွေထားပါ.
၅_ ချင်း ပါးပါးလှီးထားတာ ၂ ခု ထောင်းထားပါ.
၆_ ကြက်သွန်ဖြူ ၂ မွှာလောက် ထောင်းထားပါ.
၇_ ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်တစ်ဇွန်း.
၈_ နနွင်းမှုန့် အရောင်လှအောင် လက် ၂ ဆိတ်စာလောက်.
၉_ ဆား၊ အချိုမှုန့် အနည်းငယ်.
၁၀_ ဆီ
၁၁_ စမူစာရွက် သို့ spring roll wrapper - ကော်ပြန့်ကြော်လိပ်တဲ့ အရွက် (Super Market တွေမှာဝယ်လို့ရပါတယ်)၊ အဝိုင်းထက် လေးထောင့်ကို ရွေးဝယ်ပါ.
၁၂_ ကော်မှုန့်နည်းနည်းကို ရေပျစ်ပျစ် ဖျော်ထားပါ။ (စမူဆာ ခေါက်တဲ့ အခါ နောက်ဆုံးအပိုင်းကို မကွာအောင် ကော်ကပ်သလို ကပ်ဖို့ရာဖြစ်ပါတယ်၊ မဟုတ်ရင် ကြော်နေတုန်း စမူဆာအပေါ်ဖတ်ကွာပြီး အထဲကအစာတွေ အပြင်ထွက်ကုန်ပါ့မယ်)
..
..
ပြုလုပ်နည်း အဆင့်ဆင့် ..
--
.. အထက်ပါပစ္စည်းများ အမှတ်စဉ် (၁) မှ (၉) အထိကို ဇလုံတစ်ခုထဲထည့်ပြီး  အာလူးကြေသည်အထိ ရောမွေပြီး နယ်ပေးပါ၊ အရသာမြည်းကြည့်ပြီးလိုနေလျှင် ထပ်ထည့်ပါ။ (အရသာကို မိမိအကြိုက်လိုတိုး၊ ပို့လျှော့ လုပ်ပါ)

.. Spring roll wrapper ကို  အာလူးနယ်ထားသောအစာထည့်ကာ ခေါက်ပါ။ နောက်ဆုံးအပိုင်းမခေါက်မီ ကော်သုတ်ဖို့ မမေ့ပါနှင်။စမူဆာအားလုံကို ပြီးအောင်အရင်ခေါက်ထားပြီးမှ ကြော်ပါ။ နောက်မို့ဆို စမူဆာခေါက်ရင်း၊ ကြော်ရင်း တူးသွားတတ်လို့ပါ။

.. မီးအနေတော်တွင် ဒယ်အိုးတည်ပြီး စမူဆာမြုပ်သည်အထိ ဆီထည့်ပါ။

.. ဆီကျက်လျှင် ခေါက်ထားသော စမူဆာများကို ဆီထည့်ပြီးကြော်ပါ။အပေါ်အောက်လှန်ပေးပြီး အညိုရောင်သန်းလာရင် ဆယ်လို့ရပါပြီ။

..ဒါဆိုရင်တော့ ကြွပ်ကြွပ်မွှေးမွှေး စမူဆာလေး ရပါပြီ။
..
စမူဆာသုပ်
========
စမူဆာ၊ ကြက်သွန်နီဆီချက်ထားတာ၊ ပူဒီနာ(ပူစီနံ)ရွက်၊ကြက်သွန်နီ အကွင်းလိုက်လှီးထားတာ၊ ဂေါ်ဖီပါးပါးလှီးထားတာ၊ ငရုတ်သီးစိမ်း ပါးပါးလှီးထားတာ ရယ်ကို ၊ သံပုရာရည်၊ မန်ကျည်းရည်ညှစ်ပြီး အချိုမှုန့်၊ ဆား၊ မဆလာ ထည့်နယ်ပြီးသုပ်ရင် သက်သက်လွတ်ဟင်း တစ်ခွက် အဖြစ် စမူဆာသုပ်ရပါတယ်။

ဆိုင်တွေမှာစားတဲ့ ကုလားစမူဆာသုပ်ဆို ပဲစိမ်းမှုန့်လေးကို ဆား၊မဆလာ၊နနွင်းမှုန့်ထည့်ပြီး ရေနဲ့ကျို၊ကုလားပဲ အခွံမချွတ်ရသေးတာကို တစ်ညရေစိမ်ပြီးပြုတ်၊ အာလူးအလုံးသေးသေးလေးတွေပြုတ်ထား၊ ပြီးရင် အားလုံးကို ရောမွှေပြီး သုပ်ပေတော့။ ရှူးရှဲလေးဖြစ်အောင် ငရုတ်သီးအရောင်တင်မှုန့်လေးပါထည့်၊ အပေါ်က ပူဒီနာ(ပူစီနံ)ရွက်၊ ပျဉ်းတော်သိမ်ရွက်ကလေး ဖြူးထည့်ရင်မွှေးမွှေးစပ်စပ် စမူဆာသုပ်လေးရပါပြီ။

ဒီလိုဆိုရင်တော့ ရေနွေးကြမ်းလေးနဲ့ ထိုင်သာ မြည်းပေတော့ ။ လွှတ်ကောင်းမှာ ဗျို့ .....

Share:



ကွေ့တီယို ပြုလုပ်နည်း
°°°°°°°°°°°°°°°°°°°°°°°°°°°
ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်...

ပါဝင်သည့် ပစ္စည်းများ

၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်

၂။ ကြက်သွန်ဖြူ (၄) မွှာ

၃။ နံနံပင်အမြစ် အနည်းငယ်

၄။ ငရုတ်ကောင်းစေ့ အနည်းငယ်

၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း

၆။ ဆားအနည်းငယ်

၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)

၈။ မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)

၉။ ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )

၁၀။ ကန်စွန်းရွက် အနည်းငယ်

၁၀။ ပဲပင်ပေါက် အနည်းငယ်

၁၁။ CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)
ချက်ပြုတ်နည်း အဆင့်ဆင့်

၁၂။ ပဲငံပြာရည် အပစ်/ အကြည်

# အရည်အိုးမတည်ခင် သကြားအား မီးအေးအေးဖြင့်
လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်#။

၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ

အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။ ဝက်ရိုး(သို့) ကြက်ရိုးများ
နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို
ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။
၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက
ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက််ပါ
၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ
အစိမ်းရောင်မပျက်ယုံလေး ရေနွေးဖျောပေးလိုက်ပါ။
၄။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP
အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ
ထည့်၍ ချက်ထားနိုင်ပါသည်။
၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ်
ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော
ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။
ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။
၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို
အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ
ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော
ဆီချက်နှင့် သုပ်စားနိုင်ပါသည်။ ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲ ဝါ များ ကို
လည်း နှစ်သက် ပါ က ဆန်ပြား အစား ထိုး ကာ သုံးဆောင် နိုင်ပါတယ်။


Share:

ဝက်နံရိုးနုကြော်


ဝက်နံရိုးနုကြော်
ဒီတစ်ခါလွယ်ကူရိုးရှင်းပြီးအမြန်ချက်လို့ရတဲ့ဟင်းခိက်နည်းလေးတစ်ခုဝေမျှပါ့မယ်။
ဝက်နံရိုးနု....................၃၀ကျပ်သား
ချင်းကြီးကြီး................၁တက်
ABC ပဲငံပြာရည်အပျစ်.၁ဇွန်း
ABCပဲငံပြာရည်အကြည်.၂ဇွန်း
အရသာမှုန့်
သကြား
ဟင်းချက်ဆန်အရက်
ဝက်နံရိုးနုလေးတွေကိုအရွယ်တော်တုံးကာသန့်စင်ပြီး ချင်းထောင်းအရည်၊ ဆား၊ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်၊သကြား၊ ဟင်းချက်ဆန်အရက်တို့ဖြင့်အရသာနယ်ကာ(၁၀)မိနစ်ခန့်နှပ်ထားပါ။
အရသာနယ်ချိန်ပြည့်ပြီဆိုလျှင်ရေမြှုပ်ရုံထည့်ပြီးရေခမ်းအောင်ပြုတ်ပါ။
ရေခမ်းသွားပြီဆိုလျှင်(၁၀)မိနစ်ခန့်အအေးခံထားပါ။
ဒယ်အိုးတစ်လုံးမှာ ဆီကို ကျိုက်ကျိုက်ဆူအပူပေးပြီးဝက်နံရိုးတွေထည့်ကြော်ပါ။
အထက်ပါဖော်ပြချက်များကိုလိုက်နာပါက အပြင်ပိုင်းရွှေညိုရောင်သန်းကြွပ်ရွနေပြီးအတွင်းပိုင်းနူးညံ့အိစက်နေတဲ့ဝက်နံရိုးကြော်နုနုလေးကိုရရှိမှာဖြစ်ပါတယ်။
ABC ငရုတ်ဆော့စ်(သို့)ဘိတ်ချဥ်လေးဖြင့်တွဲဖက်သုံးဆောင်ပါ။



Share:

မိုးကုတ္ဂ်ဳံဆီခ်က္ေခါက္ဆြဲ



မိုးကုတ်ဆီချက်ခေါက်ဆွဲဟာအခြားမြို့များမှာပြုလုပ်တဲ့နည်းနဲ့သိပ်မကွာခြားလှပါဘူး။ခေါက်ဆွဲရဲ့ဂျုံသားရယ်၊ကြက်သွန်ဖြူဆီချက်မသုံးတာပဲကွာခြားပြီးမုန့်ကြွပ်ကြော်(ခေါက်ဆွဲကြွပ်ကြော်)များများသုံးတာကတော့ထူးခြားမှုတစ်ခုပါ။
မိုးကုတ်ဆီချက်အတွက်ကြက်သွန်ဖြူ ဆီချက်ကိုမသုံးကြပါဘူး။ဆီပူပူထဲသို့ချင်းတစ်ပြားရိုက်ထည့်၊ကြက်သွန်ဖြူ ၂တက်လောက်ဓားပြားရိုက်ထည့်ကာမူလဆီစိမ်း၏အနံ့ပျောက်ရုံသာဆီကိုချက်ခြင်းက မိုးကုတ်ဂျုံဆီချက်၏ထူးခြားမှုပါပဲ။
(၅)ယောက်စာ
°°°°°°°°°°°°°°°
ဂျုံခေါက်ဆွဲအစိမ်း...........၅၀ကျပ်သား
ဝက်ပေါင်သား................၂၀ကျပ်သား
ကြက်သွန်မြိတ်..............၄ပင်ခန့်
နံနံပင်...........................၃ပင်ခန့်
ABCပဲငံပြာရည်အကြည်
ABC ပဲငံပြာရည်အပျစ်
သကြား
ငရုတ်ကောင်းမှုန့်
ဂျုံခေါက်ဆွဲ(၇)ကျပ်သားကို(၃)နာရီခန့်အခန်းအပူချိန်မှာဖြန့်ထားပါ။
ဝက်ပေါင်သားကို ၃မြောင်းလောက်အလျားလိုက်ခွဲပြီးABCပဲငံပြာရည်အကြည်၊ဆားသကြား၊ဟင်းခတ်မှုန့်တို့နှင့်နယ်ကာချင်းဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။
ပြုတ်ရည်အနည်းငယ်ကိုစစ်ယူထားပြီးရေခမ်းပြီးနှုးသည်အထိဆက်ပြုတ်ပါ။
ဝက်သားနှုးသွားပြီဆိုစစ်ယူထားပါ။
ကြက်သားသုံးမယ်ဆိုရင်ကြက်သားကိုနူးအောင်ပြုတ်ပြီးအသားတွေနွှင်ယူပါ။မိမိနှစ်သက်သလိုလှီးဖြတ်ပါ။
ဒယ်အိုးတစ်လုံးမှာဆီလီတာဝက်ခန့်ကိုအပူပေးပါ။
ဆ်ီပူလာလျှင်ဖြန့်ထားတဲ့ခေါက်ဆွဲတွေထည့်ပြီးရွှေရောင်ရအောင်ကြော်ယူပြီးစစ်ပါ။
ထို့နောက်ဝက်သားတွေကိုရွှေညိုရောင်ရအောင်ကြော်ယူပြီးအအေးခံထားပါ။
ထိုစဉ်အတွင်းခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ထားပါ။
ကြော်ထားတဲ့ခေါက်ဆွဲတွေကိုချေပြီးလေလုံအောင်ထုပ်ပါ။
ကြော်ထားတဲ့ဝက်သားတွေကိုပါးပါးလှီးပါ။
ကြက်သွန်မြိတ်နှင့်နံနံပင်ကိုရောပြီးပါးပါးစိပ်ပါ။
ပြုတ်ရည်ဆူပြီဆိုမိမိပြင်ဆင်နိူင်တဲ့ပမာဏပန်းကန်(၃)ပွဲ၊(၅)ပွဲစာကိုပန်းကန်တစ်ခုချင်းဆီမှာABC ပဲငံပြာရည်အပျစ်
ABC ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့် ၊သကြား၊ချင်းဖြင့်ကျက်အောင်ချက်ထားတဲ့ဆီချက်၊ချန်ထားတဲ့အသားပြုတ်ရည်ထည့်ပြီးပြင်ဆင်ထားပါ။
မိမိပြင်ဆင်ထားသလောက်ပွဲအရေအတွက်အတိုင်း
ခေါက်ဆွဲကိုပြုတ်ပါ(မပျော့၊မမာအနေအထား)မှာ
ရေကိုစင်အောင်စစ်ပြီးပန်းကန်တွေထဲခွဲထည့်ပြီးနှံ့အောင်မွှေပေးပါ။
အပေါ်ကနေပါးပါးလှီးထားတဲ့ဝက်သားပြား၊ကြက်သွန်မြိတ်၊မုန့်ကြွပ်ကြော်များပြင်ဆင်ပြီးရှမ်းချဉ်(သို့) ကြက်သွန်နီ
ဂေါ်ဖီကိုပါးပါးလေးလှီးပြီး ABC ငရုတ်ဆော့်စ်လေးလောင်းကာကြက်သွန်မြိတ်ခပ်ထားတဲ့ဟင်းချိုရည်တို့နှင့်တွဲဖက်သုံးဆောင်နိူင်ပါသည်။


Share:

ပဲကြာဇံနှင့်ကြွက်နားရွက်မှိုသုပ်


ပဲကြာဇံနှင့်ကြွက်နားရွက်မှိုသုပ်
ပဲကြာဇံ..............................၁၀ ကျပ်သား
ကြွက်နားရွက်မှိုခြောက်..........၃ခု
ငရုတ်သီးစိမ်းနီ.....................၇တောငျ့
ကြက်သွန်ဖြူ.........................၅တက်
နှမ်းလှော်............................၁ဇွန်း
ကြက်သွန်နီ.........................၂လုံး
ခရမ်းချဉ်သီး.........................၁ လုံး
နံနံပင်...............................အနည်းငယ်
ABC ပဲငံပြာရည်အပျစ်
ABC ပဲငံပြာရည်အကျဲ

ပဲကြာဇံနှင့်ကြွက်နားရွက်မှိုတွေကိုမပြုတ်ခင်
ရေဝအောင်စိမ်ထားပေးပါ။

ကြက်သွန်ဖြူ ၊ ငရုတ်သီးနီ ၊ နံနံပင်အမြစ်တို့ကိုရောပြီးခပ်ကြမ်းကြမ်းထောင်းပါ။

ABCပဲငံပြာရည်အကျဲ ၊ ABC ပဲငံပြာရည်အပျစ်၊ရှလကာရည် နှင့် သကြားတို့ကိုရောပြီးအပူပေးပါ။ ဆူပွက်လာလျှင်ထောင်းထားတဲ့အရောကိုထည့်ပြီး ချဉ်ငံစပ် ဆော့စ်ရည်ကျို ပြီးအအေးခံထားပါ။

ပဲကြာဇံနှင့် အမျှင်ပုံစံလှီးထားသောကြွက်နားရွက်မှိုတို့ကိုရောပြုတ်ပြီး ၊ရေအေးလောင်း၊ အအေးခံပါ။
ဇလုံတစ်ခုထဲမှာ ပဲကြာဇံမှို တွေထည့်ပြီး
ပါးပါးလှီးထားသောကြက်သွန်နီ၊ ခရမ်းချဉ်သီး၊
နံနံပင်တွေထည့်ပါ။
ခပ်ကြမ်းကြမ်းလေးထောင်းထားတဲ့နှမ်းထောင်းလေးဖြူးပြီးသံပုရာသီးတစ်စိတ်ညှစ်ထည့်ပါ။
ဆော့စ်ရည်လေးလောင်းချပြီးခပ်ဖွဖွလေးနယ်
လိုက်ရင် ချို ချဉ်စပ် ပဲကြာဇံသုပ်လေးရပါပြီ။
Share:

သုံးထပ်သားအချိုချက်



သုံးထပ်သားအချိုချက်

သုံးထပ်သား................၃၀ကျပ်သား
ချင်း...........................၂တက်
ကြက်သွန်နီဥကြီး..........၁လုံး
ကြက်သွန်နီဥသေး.........၁၀လုံး
ကြက်သွန်ဖြူ.................၅တက်
နာနတ်ပွင့်...................၂ပွင့်
ဟင်းချက်ဝိုင်.................၂ဇွန်း
သကြား.......................၁ ဇွန်း
ABCပဲငံပြာရည်အကျဲ.........၂ဇွန်း
ABCပဲငံပြာရည်အပျစ်............၁ဇွန်း
သုံးထပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။
နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။
ချင်းနှင့်ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပြီးသုံးထပ်သားထဲညှစ်ထည့်ပြီးသကြား၊ABCပဲငံပြာရည်အပျစ်၊ ABCပဲငံပြာရည် အကျဲ၊ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)မိ
နစ်ခန့်နှပ်ထားပါ။
အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးပါးပါးလှီးထားတဲ့ကြက်သွန်နီဥကြီးကိုဆီသတ်ပါ။
အနည်းငယ်မွှေးပြီးနွမ်းလာလျှင်နယ်ပြီးနှပ်ထားတဲ့သုံးထပ်သားတွေထည့်မွှေပါ။
အနှစ်ကျသွားပြီဆိုရင် pressure အိုးထဲပြောင်းထည့်ပြီး (၁၅)မိနစ်ခန့်နှပ်ချက်ချက်ပါ။
အဖုံးဖွင့်ပြီးကြက်သွန်နီဥသေးလေးတွေကိုအလုံးလိုက်ထည့်ပါ။ နောက်ထပ်(၅)မိနစ်ခန့်နှပ်ပေးပြီးအိုးထဲမှဆယ်ထုတ်ပါ။

Share:




၀က်သားတုတ်ထိုး နှင့် ကြာဇံကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီချက်နည်းမှာပါဝင်ပစ္စည်းတွေကိုအတိအကျမညွှန်းဘူးဆိုတာက ဝက်ကလီစာတွေကိုဝယ်တဲ့အချိန်အလေးချိန်အမှန်မရတတ်လို့ပါပဲ။
၀က်သားတုတ်ထိုးရောင်းတဲ့သူတွေလိုပဲဝက်ရဲ့အတွင်းကလီစာအစုံ မှာကျောက်ကပ်ကိုတော့ရှောင်ပါတယ်(အနံ့ပြင်းရှလို့ဖြစ်ပါတယ်)
အများဆုံးကြိုက်တတ်တဲ့အချင်းတိုင်၊ အူပါး၊လျှာ၊  နို့အုံသား၊ပါးစောင်သား၊အရိုးနုတို့တော့များများ၀ယ်
ရပါတယ်။ဝက်သားတုတ်ထိုးမှာဘဲဥကလည်းမပါမဖြစ်။
ဝယ်လာတဲ့၀က်အတွင်းကလီစာတွေကိုသန့်စင်နေအောင်ရေအရင်ဆေးပါ။
မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီးဆားအနည်းငယ်နဲ့ရောကာ (၃)ကြိမ်မှ(၅)ကြိမ်လောက်ထိ
ဆေးလိုက်ရင်၀က်အတွင်းကလီစာဆိုတာဘာအနံ့မှမရှိတော့အောင် စင်ကြယ်သန့်ရှင်းသွားပါတယ်။
အူပါးတွေကိုတော့တုတ်တံတစ်ချောင်းနဲ့၅ခုလောက်ကိုအထပ်ထပ်ဖြစ်အောင်ထပ်ပေးရပါမယ်။
ဆေးကြာပြီးရင်တော့အားလုံးကိုရေစစ်ထားပါ။
ရေစစ်သွားတဲ့ဝက်သားတွေကို ဆား၊ ပာင်းခတ်မှုန့်၊ ABCပဲငံပြာရည်အပျစ်၊
နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန့်( တရုတ်လိုပါကော့ခေါ်ပါတယ်)အစားအသောက်သုံးခွင့်ပြုအရောင်( လိမ္မော်) အနည်းငယ်၊ တရုတ်ဟင်းချက်ဝိုင်အရက်(သို့)အရက်ပြင်းအနည်းငယ်တို့နှင့်ရောနယ်ပြီးနာရီ၀က်ခန့်နှပ်ထားပေးပါ။
ဘဲဥတွေကိုလည်းပြုတ်ပြီးအခွံခွာထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်၊သကြားတို့ကိုရောပြီးအပူပေးပါ။
သကြားတွေပာာဆီအနည်းငယ်ပူလာတာနဲ့အရည်ပျော်ပြီးရွှေညိုရောင်လေးပြောင်းလာပြီဆိုရင်မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့နာနတ်ပွင့် ၊ ချင်း၊ ငရုတ်ကောင်းတို့ကိုထည့်ဆီသတ်ပါ။
အနံ့မွှေးလာလျှင်ဝက်ကလီစာတွေကိုတစ်ခုချင်းစီဆီသတ်ပြီးဆီစစ်ထားပါ။
ထို့နောက်အမာဆုံးအစိတ်အပိုင်းတွေ(ဥပမာ နားရွက်၊လျှာ ၊ အူမစသည်တို့ကိုအရင်ဆုံးပြုတ်ပေးပါ။
နာနာပွင့်၂ပွင့်လောက်ကိုမီးကင်၊ဓားပြားရိုက်ပြီးထည့်ပါ။
ထိုအရာများတစ်၀က်လောက်ကျက်ပြီဆိုမှအသည်း၊ နှလုံး၊သရက်ရွက်တို့လိုဒုတိယတန်းစားတွေကိုထည့်ပေးပါ။
နောက်ဆုံးမှအူချိုတို့လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ။
ဆား၊သကြား၊ABCပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။
အရသာကို မြည်းစမ်းပြီးနှူးအိပြီဆိုရင်ဟင်းရည်သုံးပုံတစ်ပုံကျန်လောက်မှစစ်ယူထားပါ။
လှီးဖြတ်ပေးပြီးပန်းကန်နှင့်ကြိုက်သူကို ပန်းကန်ထဲထည့်ဧည့်ခံနိူင်သလိုဝါးတုတ်လေးထိုးပြီးမှစားချင်သူများကိုလည်းနှစ်သက်သလိုဧည့်ခံပေးလို့ရပါတယ်။
တွဲဖက်ဆော့စ်ကိုတော့မန်ကျည်းသီးမှည့်ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင် ၊ ABCငရုတ်ဆီတို့နှင့်မိမိနှစ်သက်သလိုရောစပ်နိူင်ပါတယ်။
ကြာဇံကြော်ပါမယ်။
သရဖူ တံဆိပ် ဆန်ကြာဇံကို မကြော်ခင် (၄၅)မိနစ်လောက်ကတည်းကပြည့်ဝစွာရေစိမ်ထားပေးပါ။
ကြက်သွန်ဖြူ  ၅ တက် လောက်ကိုဓားပြားရိုက်ထားပြီး ဂေါ်ဖီတစိတ်ခန့်ကိုခပ်ကြမ်းကြမ်းလှီးထားပါ။ဥနီကို
အမျှင်ကြီးကြီးခြစ်ထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ ကိုဆီသပ်ပါ။
မွှေးလာပြီဆို အမျှင်လှီးထားတဲ့ဂေါ်ဖီနှင့်မုန်လာဥနီတွေထည့်ကြော်ပါ။
ဂေါ်ဖီတွေကြော်တာအနည်းငယ်နွမ်းသွားပြီဆိုရင် ရေစစ်ထားတဲ့ကြာဇံတွေထည့်ပါ။
ABC ပဲငံပြာရည်အကြည်၊ ABCပဲငံပြာရည် အပျစ်အနည်းငယ်၊
သကြား၊ ဟင်းခတ်မှုန့် အရသာ အနည်းငယ်စီထည့်ပါ(အရသာမပြင်းစေရ။)
ဆားမပါတဲ့ အရိုးပြုတ်ရည်(သို့)သီးရွက်ပြုတ်ရည်အနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။
အငွေ့ဖြင့် ကြာဇံတွေနူးအိစေရန်ဖြစ်ပါသည်။
၃ မိနစ်လောက်ကြာမှ အဖုံးဖွင့်ပြီးသမသွားအောင်ခပ်ဖွဖွမွှေပေးပါ။အဖုံးပြန်အုပ်ထားပါ။
ပြတ်ထွက်မှုမရှိ(မကြေမွှ)သော နူးအိတဲ့ကြာဇံကြော်လေးရပြီဆိုရင် ငရုတ်ကောင်းမှုန့်လေးဖြူးပေးပါ။
နှစ်သက်သလိုလှီးထားတဲ့ ဝက်သားတုတ်ထိုးတွေထည့်ပြီးအချဉ်ရည်လေးလောင်းဆမ်းကာ ကြက်သွန်ဖြူ  ၊ ငရုတ်သီးစိမ်းတို့ဖြင့်တွဲဖက်ပါ။
Share:
Powered by Blogger.

Contact form

Name

Email *

Message *

Search This Blog

Blog Archive

Made with Love by

Made with Love by
MagLite Template is Designed Theme for Giving Enhanced look Various Features are available Which is designed in User friendly to handle by Piki Developers. Simple and elegant themes for making it more comfortable

NaNa Kitchen

NaNa Kitchen

Comments

4/comments/show

food

food

Featured Section

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.