(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

မလေးရှားခေါက်ဆွဲကြော်

မလေးရှားခေါက်ဆွဲကြော် ♡ (Char Kway Teow) ❀ ❀ ❀ ❀ ❀ ❀ Singapore Famous Food ထဲမှာတခု အပါဝင်ြ ဖစ်တဲ့ Char Kway Teow ဆို တဲ့မလေးရှားဆန်ခေါက်ဆွဲကြော်လေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်နဲ့လုပ်ရလည်းလွယ်ကူပြီး မြန်မာအကြိုက်အရသာတခုလည်းဖြစ်မယ်လို့ထင်ပါတယ်။ လုပ်နည်းလေးကြည့်ရအောင်နော် ပါဝင်ပစ္စည်း ****** ဆန်ပြားခေါက်ဆွဲအသေး - တစ်ပွဲစာ ပုဇွန် - ၅ကောင် သို့ ပင်လယ်စာ သို့ ငါးလုံး ကြက်ဥ - တစ်လုံး ပဲပင်ပေါက် - လက်တစ်ဆုပ် Chive (ကြက်သွန်မိတ်) - ၅ပင် ငရုပ်သီးအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း ဟင်းခတ်မှုန့် - ဇွန်းတစ်ဝက် ပဲငံပြာရည် အကြည် - တစ်ဇွန်း ခရုဆီ - တစ်ဇွန်း ငံပြာရည် - ဇွန်းတဝက် ပဲငံပြာရည် အနောက် - ဇွန်းတဝက် ကြက်သွန်နီကြော် - နှစ်ဇွန်း ပြင်ဆင်ချက်ပြုတ်နည်း ************ 1.ဦးစွာကြက်ဥတလုံးခေါက်ထားပါ။အသုံးပြုမည့်ပုဇွန်သို့အသားကိုရေဆေးသန့်စင်ထားပါ။ပဲပင်ပေါက်ရေဆေးပြီးစစ်ထားပါ။ကြက်သွန်ဖြူဓားပြားရိုက်ထားပါ။ငရုပ်သီးအနှစ်မရှိပါကငရုပ်ခြောက်ကိုရေစိမ်ပြီးကြိတ်ရပါမယ်။chiveကိုတစ်လက်မအရှည်ခန့်ဖြ တ်ထားပါ 2.ပန်းကန်လုံးတခုတွင် ဟင်းခပ်မှုန့်၊ပဲငံပြာရည်၊ အကြည်၊ အနောက်၊ ခရုဆီ၊တို့ကိုထည့်ပြီးရောစပ်ထားပါ။ 3.အားလုံးအဆင်သင့့်ပါကအိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်ဥထည့်ပြီးမွေကြော်ပေးပါ။ 4.ပြီးလျှင်ဖယ်ထုတ်ထားပြီးကြက်သွန်ဖြူနှင့်ငရုပ်သီးအနှစ်ဆီသပ်ပါ၊ကြက်သားသို့ပုဇွန်ကိုထည့်ကြော်ပါ။ဆန်ခေါက်ဆွဲ၊ကြက်ဥပဲပင်ပေါက်နှင့်ရောစပ်ထားသောဆော့တို့ကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပေးပါ။5.အရသာလိုအပ်ကဖြည့်စွက်ပြီးChineseChivesကိုနောက်ဆုံးမှထည့်ကာသမအောင်မွေပြီးပန်းကန်တွင်တည်ခင်းပြီးကြက်သွန်နီကြော်ဖြူးကာသုံးဆောင်နိုင်ပါပြီရှင် ။ ❀(မလေးရှားသူတယောက်ကပြောတာသူတို့နယ်မှာမီးသွေးမီးနဲ့ကြော်တဲ့ char kway teowကနာမည်ကြီးလို့တနာရီလောက်စောင့်ရတယ်တဲ့။လာသမျှနိုင်ငံခြားသားတွေကမဖြစ်မနေစားကြတဲ့သူတို့ဒေသအစားစာလို့ဆိုပါတယ်။ အဆင်ပြေရင်မီးသွေးမီးပြင်းပြင်းနဲ့ကြော်ကြည့်နော် ........... Crd.Sofia
Share:

ထိုင်းဆန်ခေါက်ဆွဲကြေ

ထိုင်းဆန်ခေါက်ဆွဲကြော် (၂ ယောက်စာ) .............................. ဒီနည်းက ဖတ်ထိုင်းကြော်နည်းအတိုင်း အနီးစပ်ဆုံး ကြော်ပေးထားပါတယ်။ ပါဝင်ပစ္စည်းတချို့ ရှာမရတာကြောင့် ဖတ်ထိုင်းလို့တော့ နာမည်မတပ်ပါရစေနဲ့။ အနီးစပ်ဆုံး အိမ်မှာ ကိုယ်တိုင်ကြော်စားနိုင်မယ့်နည်းကို အလွယ်ဆုံးနည်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီအချိုးက အစားသရဲဆိုရင် ၂ ယောက်စာ ဆိုပေမယ့် ပုံမှန်စားသူ ဆို ၃ - ၄ ယောက်စာရပါတယ်။ ဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ - ထိုင်းငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း - ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း - ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း တစ်ဝက် - အနှစ်တိုက်ပြီး မန်ကျည်းမှည့် - ထမင်းစားဇွန်း ၈ ဇွန်း - သကြားညို - ထမင်းစားဇွန်း ၈ ဇွန်း - ခရုဆီ - ထမင်းစားဇွန်း ၃ ဇွန်း - ရေနွေး - ကော်ဖီခွက် ၁ ခွက်စာ (၁၅၀ မီလီလီတာ) (ဇလုံတစ်လုံးထဲမှာ အားလုံးရောပြီး သမအောင်မွှေ ထားပေးပါ) - ဆီ - စားပွဲဇွန်း ၆ ဇွန်း - ကြက်ဥ - ၂ လုံး - ဝက်အူချောင်း - ၂ ချောင်း - ပဲပြား - ၁ တုံး - ကြက်သွန်နီစဉ်းပြီး - ၂ လုံး - ကြက်သွန်ဖြူစဉ်းပြီး - ၄ မြွှာ - ကွေတီယိုဆန်ခေါက်ဆွဲ - ၂၀ဝ ဂရမ် (ခေါက်ဆွဲများ မြုပ်အောင် ရေစိမ်ထားပါ) - လှီးဖြတ်ပြီး မုန်ညင်း - ၅ ပင် - ပဲပင်ပေါက် - အနည်းငယ် - ကြက်သွန်မြိတ်ဖြတ်ပြီး - ၃ ပင် ပြုလုပ်နည်း ၁။ ဆီအိုးအပူပေးကာ ပဲပြားများ သေးသေးတုံးကြော်ပြီး ဖယ်ထားပါ။ ကြက်ဥများကို ဖောက်ထည့်ပြီး အကာများ ခဲလာသည်အထိ စောင့်ပေးပြီး ခြေကြော်ပါ။ ပြီးလျှင် ဖယ်ထားပါ။ ၂။ ဆက်၍ ဝက်အူချောင်းအနေတော်လေးများ တစ်စောင်း လှီးဖြတ်ကာ အရောင်ပြောင်းရုံကြော်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီစဉ်းပြီးသားများထည့်၍ အနည်းငယ်ခြောက်လာသည်အထိ ဆီသတ်ပါ။ ၃။ ခေါက်ဆွဲများထည့်ပြီး သေသေချာချာ မွှေပေးပါ။ ပဲပြား ကြော်ပြီးသားများ ထည့်ပေးပါ။ ခေါက်ဆွဲများ ပျော့လာ လျှင် အသင့်စပ်ပြီးသော ဆော့စ်များမှ ထမင်းစားဇွန်း ၆ ဇွန်းထည့်ပေးပါ။ (ဆော့စ်အကျန်များကို ဘူးတစ်ခုနှင့် ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်။) သေသေချာချာ နှံ့စပ်အောင်မွှေပေးပါ။ အရမ်းခြောက်လွန်းလျှင် ရေနွေးနည်းနည်းစီဖျန်းပြီး ကြော်ပေးပါ။ ၄။ မုန်ညင်းရွက်များ ထည့်မွှေပေးပါ။ အရွက်များပျော့လာလျှင် ပဲပင်ပေါက်များထည့်ကြော်ပြီး ဖယ်ထားသော ကြက်ဥ အကြေများ ထည့်ပေး၊ ငရုတ်ကောင်းဖြူမှုန့်ဖြူးကာ ကြက်သွန်မြိတ်ထည့်မွှေပေးပြီး အဆုံးသတ်နိုင်ပါပြီ။ ........................ Crd. ကိုသစ်ထူး
Share:

ကြက်သားမဆလာခေါက်ဆွဲကြော်

ကြက်သားမဆလာခေါက်ဆွဲကြော် ----------------------------------------- ပါဝင်ပစ္စည်းများ • ခေါက်ဆွဲ - ၁ဝဝ ဂရမ် • ဂေါ်ဖီ - ၅ ဂရမ် (ပါးပါးလှီးပါ) • ကြက်သား - ၁၅၀ ဂရမ် • ခရမ်းချဉ်သီး - ၂ လုံး (အနေတော်လှီးပါ) • ငရုတ်သီးစိမ်း - ၅ တောင့် (ထက်ခြမ်းခြမ်းပါ) • ကြက်သွန်ဖြူ - ၅ မြွှာ (ဓားပြားရိုက်ပါ) • ကြက်သွန်နီ - ၁ လုံး (နုပ်နုပ်စဉ်းပါ) • ကြက်သွန်မြိတ် - အနည်းငယ် (အနေတော်လှီးပါ) • ဆီ - စားပွဲဇွန်း ၅ ဇွန်း • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း • သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း • ငရုတ်ကောင်းမှုန့် - အနည်းငယ် • မဆလာ - စားပွဲဇွန်း ၁ ၁/၂ ဇွန်း • နနွင်းမှုန့် - အနည်းငယ် • ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း • ကွကျဥ - ၁ လုံး • ငံပြာရည် - အနည်းငယ် • ငရုတ်အနှစ် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း • မုန်လာဥနီ - ၅ ဂရမ် ပြုလုပ်နည်း ၁။ ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ကော်မှုန့်၊ သကြား၊ ငံပြာရည်နှင့် ဆီတို့ကို ထည့်ပြီး အရသာ နယ်ပါ။ ၂။ ခေါက်ဆွဲထဲ ဆားအနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့် ထားပါ။ ၃။ ၃ မိနစ်ပြည့်လျှင် ရေအေးနှင့် ဆေးပါ။ ၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ၅။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီ သတ်ပါ။ ၆။ အနံ့မွှေးလာလျှင် ငရုတ်အနှစ်ထည့်ပါ။ ၇။ ခရမ်းချဉ်သီးကို အနှစ်ရသည်အထိ ထည့်နှပ်ပါ။ ၈။ မဆလာ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ငံပြာရည် တို့ကို ထည့်ပါ။ ၉။ ရေအနည်းငယ်ထည့်ပါ။ ၁၀။ အရသာနယ်ထားတဲ့ ကြက်သားထည့်ပါ။ ၁၁။ နုပ်နုပ်စဉ်းထားတဲ့ မုန်လာဥနီနှင့် ထက်ခြမ်းခြမ်းထားတဲ့ ငရုတ်သီးစိမ်းထည့်ပါ။ ၁၂။ ကြက်ဥ ၁ လုံးကို ထည့်ကြော်ပါ။ ၁၃။ ရေဆူလာလျှင် ခေါက်ဆွဲထည့်ပြီး ကြော်ပါ။ ၁၄။ ပါးပါးလှီးထားတဲ့ မုန်လာဥနီနှင့် ဂေါ်ဖီတို့ကို ထည့်ပါ။ ၁၅။ လိုအပ်တဲ့အရသာများ ထည့်ပါ။ ၁၆။ အနံ့အရသာ ပြည့်စုံလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။ ---------------------------------- Crd. Eant Wint Htut
Share:

ပင်လယ်စာခေါက်ဆွဲကြော်

ပင်လယ်စာခေါက်ဆွဲကြော် ************************* ခေါက်ဆွဲခြောက်၁စည်း( သို့) အစို.............၄၀ သား မိမိနှစ်သက်ရာအသား...အနည်းငယ် ပုစွန်၊ ကင်းမွန်ရောရာ...၂၀ကျပ်သားခန့် ကြက်ဥ .......................၃ လုံး ဘိုစားပဲ......................၁၀ ကျပ်သား ဥနီ.............................၁၅ကျပ်သား ဂေါ်ဖီ........................၂၅ ကျပ်သား ပန်းပွင့်.......................၁၅ ကျပ်သား ကြက်သွန်မြိတ်...........၃ပင် တရုတ်နံနံ...................၃ ပင် ကြက်သွန်နီ................၁ လုံး (ပါးပါးလှီး) ကြက်သွန်ဖြူ...........၅ တက်( နုပ်နုပ်စင်း) ABCပဲငံပြာရည်အကြည် ABCပဲငံပြာရည်အပျစ် ခရုဆီ ပထမဆုံးခေါက်ဆွဲနဲ့ရောကြော်မဲ့အသီးအရွက်တွေကိုအမျှင်ခပ်ကြီးကြီးပုစံ ရအာင်လှီးဖြတ်ထားပါ။ ခေါက်ဆွဲ ကို ရေနွေးဆူဆူမှာပြုတ်ပြီးရေအေးလောင်းအအေးခံထားပါ။ ဒယ်အိုးတစ်လုံးမှာခေါက်ထားတဲ့ကြက်ဥတွေကို ထည့်မွှေကြော်ပါ။ ချက်ချင်းဆိုသလိုအသားအနည်း ငယ်ထည့်ကြော်ပြီး ကြက်သွန်နီ၊ ဖြူတွေကိုလည်းထည့်မွှေပါ။ ပင်လယ်စာတွေထည့်ကြော်ပါ။ ထို့နောက်အသီးအရွက်တွေထည့်ပြီးပါ၀င်သောအရသာများဖြင့်ဖြည့်စွက် ပြီး၂ မိနစ်ခန့် အဖုံးအုပ်ထားပါ။ အသီးအရွက်တွေနှူးအိပြီဆိုလျှင်ပြုတ်ပြီးရေစစ်ထားတဲ့ခေါက်ဆွဲတွေထပ် ပေါင်းကာ မီးပြင်းပြင်းနှင့်၃ မိနစ်ခန့် ဆက်ကြော်ပေးပါ။ နောက်ဆုံးကြက်သွန်မြိတ်၊ တရုတ်နံနံတွေဖြူးထည့်ပြီးငရုတ်ကောင်းမှုန့် နှင့်တရုတ်မဆာလေးဖြူးပေးပါ။ Crd.winnaingthein
Share:
Powered by Blogger.

Contact form

Name

Email *

Message *

Search This Blog

Blog Archive

Made with Love by

Made with Love by
MagLite Template is Designed Theme for Giving Enhanced look Various Features are available Which is designed in User friendly to handle by Piki Developers. Simple and elegant themes for making it more comfortable

NaNa Kitchen

NaNa Kitchen

Comments

4/comments/show

food

food

Featured Section

Popular Posts

Recent Posts

Unordered List

  • Lorem ipsum dolor sit amet, consectetuer adipiscing elit.
  • Aliquam tincidunt mauris eu risus.
  • Vestibulum auctor dapibus neque.

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.